Microsoft License ယေဘုယျတွက်ချက်နည်း

*Version
Microsoft မှာ Product ပေါ်မူတည်ပြီး Version ထုတ်တဲ့နှစ်တွေကွာခြားပါတယ်။
1) Microsoft Server [2003, 2008, 2008R2, 2016 & 2019]
2) Microsoft Exchange [2010, 2013, 2016 & 2019]
3) Microsoft SQL [2008, 2008R2, 2012, 2014, 2016, 2017 & 2019]
4) Microsoft SharePoint [2010. 2013, 2016 & 2019]

*Edition
Edition တွေကတော့ Microsoft Product တိုင်းမှာရှိပါတယ်။ Features တွေခွဲပြီးရောင်းတယ်ဆိုပါတော့။
1) Microsoft Server [Standard, Datacenter & Essentials]
2) Microsoft Exchange [Standard, Enterprise]
3) Microsoft SQL [Standard, Enterprise, Web, (Developer & Express – Free) ]
4) Microsoft SharePoint [Standard, Enterprise, Foundation (Free) – Not available from 2016]

*General Microsoft License Calculation
Microsoft License မှာ per core / per server – per VM – per Instance ပေါ်မူတည်ပြီးတွက်ကျပါတယ်။ Per Core နဲ့တွက်မယ်ဆိုရင်တော့ Physical Server CPU Cores၊ ဒါမှမဟုတ် VM CPU Core ဆိုပြီးတွက်ပါတယ်။ အနည်းဆုံး Two Core Pack License = 8 Qty ကို 16 cores စာဝယ်ကိုဝယ်ရပါတယ်။ Per Server ကတော့လွယ်ပါတယ်။ ကိုယ့်အသုံးပြုမဲ့ Server အရေအတွက်အတိုင်းဝယ်လိုက်ရုံပါပဲ။
*Client Access License (CAL)
1) User CAL – အသုံးပြုမဲ့ User အရေအတွက်အတိုင်း Count ရပါတယ်။
2) Device CAL – အသုံးပြုမဲ့ Device အရေအတွက်အတိုင်း Count ရပါတယ်။

*User CAL Use Case
User တစ်ယောက်က Devices အများကြီးအသုံးပြုမယ်ဆို User CAL ကပိုအဆင်ပြေပါတယ်။ ဥပမာ။ User တစ်ယောက်က Laptop, Mobile, Tablet အစရှိတာတွေအားလုံးအသုံးပြုတယ်ဆိုပါတော့။ အဲဒီ devices တွေအားလုံးကို License တွေလိုက်ဝယ်ရရင်အဆင်မပြေဘူးလေ။ User CAL ကိုဝယ်ပြီးအဲ Devices တွေမှာဖြန့်သုံးလိုက်ရင် License ဖိုးသက်သာသွားတာပေါ့။ ဒါပေမဲ့ Limitation လေးတော့ရှိသေးတယ်နော်။ User CAL တစ်ခုကိုအများဆုံး Device ဘယ်လောက်သုံးလို့ရလဲဆိုတာကတော့?

*Device CAL Use Case
ဘုံသုံးတဲ့ Device တွေမှာဆို Device CAL သုံးတာပိုအဆင်ပြေပါတယ်။ ဥပမာ။ Customer အများကြီးအသုံးပြုတဲ့ Internet Cafe ဆိုင်မျိုး၊ ဝန်ထမ်းတွေ Shift တွေချိန်းပြီးအသုံးပြုရတဲ့ Call Center လိုနေရာမျိုးတွေမှာဆို Device CAL ကပိုအဆင်ပြေပါတယ်။
Page ကို Like & Share ပြုလုပ်ပေးပြီး သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ကြပါဦးနော်။ 👍👍👍🤝🤝🤝

ITZAYBAN