Windows 10 OS Edition Comparison

ဒီနေ့ပြောပြပေးမှာကတော့ Microsoft Client OS ထဲက Windows 10 Edition ဘယ်နှစ်ခုရှိလဲဆိုတာပါ။
Windows 10 မှာ Edition အားဖြင့် 6 ခုရှိပါတယ်။
1) Windows 10 Pro Education
2) Windows 10 Education
3) Windows 10 Home
4) Windows 10 Pro
5) Windows 10 Pro for Workstation
6) Windows 10 Enterprise

*Education Edition
Windows 10 (Pro Education & Education) ကတော့ Education ဆိုတဲ့အတိုင်းပဲကျောင်းတွေအတွက်ထုတ်ထားပေးတာဖြစ်ပါတယ်။ Pro Education Edition ကတော့ Pro Edition မှာပါဝင်တဲ့ Features တွေအားလုံးပါဝင်ပြီး License ကိုတော့ OEM အနေနဲ့တာဝယ်လို့ရမှာဖြစ်ပါတယ်။ Education Edition ကတော့ Enterprise Edition မှာပါဝင်တဲ့ Features တွေအားလုံးပါဝင်ပြီး License ကို Microsoft Volume License အနေနဲ့ဝယ်လို့ရပါတယ်။
*Windows 10 Pro Education = Windows 10 Pro >> OEM License
*Windows 10 Pro = Windows 10 Enterprise >> Microsoft Volume License
Ref URL: https://support.microsoft.com/en-gb/topic/windows-10-editions-for-education-customers-bf2572aa-5555-2b1e-f7ce-81e8ba890444#:~:text=Windows%2010%20Pro%20Education%20builds,including%20the%20removal%20of%20Cortana

*Microsoft License Type
ဒီနေရာမှာတော့ License အကြောင်းနည်းနည်းရှင်းပြချင်ပါတယ်။ Microsoft မှာ License ကိုသုံးမျိုးနဲ့ရနိုင်ပါတယ်။
1) Retail = Retail လိုင်စင်ကတော့ အကူးအပြောင်းလုပ်လို့ရတယ်လို့လွယ်လွယ်မှတ်ထားလို့ရပါတယ်။ Device တစ်ခုကနေနောက်တစ်ခုကိုလိုင်စင်ရွှေ့လို့ရတယ်ပေါ့။ Online ပေါ်ကနေဝယ်ရင် email ထဲကို Product Key ပို့တာဖြစ်ဖြစ်၊ CD နဲ့ဝယ်ရင် Box ထဲမှာ Product Key ထည့်ပေးထားတာဖြစ်ဖြစ်၊ Product Key နဲ့လာတာလို့အလွယ်မှတ်ရင်လည်းရပါတယ်။
2) OEM = (Original Equipment Manufacturer) ကတော့ Laptop or Desktop ထုတ်ကတည်းကိုက License ကို Bind ပေးလိုက်တာပါ။ တစ်ခုကနေနောက် device တစ်ခုကိုရွှေ့၍မရပါ။ အားသာချက်အနေနဲ့ကတော့လိုင်စင်ဈေးသက်သာပါတယ်။
3) Volume License = Size ကြီးတဲ့ Company တွေအတွက်ကပိုအဆင်ပြေပါတယ်။ ခန့်မှန်းခြေအရေအတွက်လောက်ဝယ်ထားပြီးပိုမိုလည်းအသုံးပြုနိုင်တဲ့အားသာချက်လည်းရှိတယ်ပေါ့နော်။ ဥပမာ။ Computer အလုံး ၄၀၀ လောက်ရှိတယ်ဆိုပါစို့။ အလုံး ၃၅၀ ကတစ်ကယ်သုံးပြီးအလုံး ၅၀ ကအရံထားထားတယ်ဆိုပါတော့။ အလုံး ၃၅၀ အတွက်သာလိုင်စင်ဝယ်ပြီးကျန် ၅၀ ကိုလည်း Activate လုပ်ထားလို့ရပါတယ်။ အပျက်အစီးရှိတဲ့ကွန်ပြူတာတွေကိုလိုင်စင်ရွှေ့နေရတဲ့ဒဏ်ကလည်းသက်သာသွားပါတယ်။
Ref URL: https://www.tenforums.com/tutorials/49586-determine-if-windows-license-type-oem-retail-volume.html?fbclid=IwAR1KzHif62Wzs0Fm_AGiyzVDVVyVM-RlaXsOTURnQukmz4xzuzchrrUNNX4

*Business Edition or Commercial Use
Commercial တွေမှာအောက်က Edition လေးခုပဲသုံးပါတယ်။ Features တွေကတော့ကွာပါတယ်။ အဲတာကိုတော့အောက်က Reference Link မှာတစ်ချက်ကြည့်ကြည့်လိုက်ပါ။ လိုင်စင်ဝယ်လို့ရပုံကိုတော့ညီမျှခြင်းနဲ့ပြသွားပါမယ်။ ကျွန်တော်ကတော့ Windows 10 Pro နဲ့ကို Organization တော်တော်များများအတွက်အဆင်ပြေတယ်လို့မြင်တယ်။ ထင်မြင်ချက်ရှိလည်း comment လေးပေးသွားဦးနော်။
1) Windows 10 Home = OEM (or) Retail
2) Windows 10 Pro = OEM (or) Retail (or) Volume License
3) Windows 10 Pro for Workstation = OEM (or) Retail (or) Volume License
4) Windows 10 Enterprise = Volume License
Feature Comparison Ref URL: https://www.microsoft.com/en-us/windowsforbusiness/compare?fbclid=IwAR3HE5UFZA_YSuSla4Akxi9JsEpObjTFZsrAVXzkkichpCT3fP8ZlyfLBxY


Page ကို Like & Share ပြုလုပ်ပေးပြီး သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ကြပါဦးနော်။ 👍👍👍🤝🤝🤝

ITZAYBAN