SQL SERVER HIGH AVAILABILITY SOLUTIONS

*SQL Server ကို HA ထိုင်မယ်ဆိုရင် CSV (Cluster Shared Volume) နဲ့၊ Always On Availability Group ဆိုတဲ့နှစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

*CSV (Cluster Shared Volume)
အားနည်းချက်ကိုအရင်စပြောရရင်တော့သူက Shared Storage (or) Shared Volume လိုပါတယ်။ CPU, RAM စတဲ့ Resources ကိုတော့ share မသုံးပါဘူး။ ပြောရမယ်ဆိုရင်တော့ Data Center တစ်ခုတည်းမှာသုံးတာပိုအဆင်ပြေတယ်။ အကယ်၍ ဆာဗာတစ်လုံးဒေါင်းသွားရင်နောက်ဆာဗာတစ်လုံးကိုသူ့ရဲ့ Storage နဲ့တကွပြေးကပ်ပြီး နောက်ဆာဗာရဲ့ Resources ကိုစတင်ယူသုံးပြီး Downtime နည်းအောင်လုပ်ပေးနိုင်တာပါပဲ။ Shared Volume အနေနဲ့ကအနည်းဆုံး Volume နှစ်ခုလိုပါတယ်။ တစ်ခုက Quorum Volume လုပ်ဖို့နဲ့၊ နောက်တစ်ခုက Data Volume (or) DB Volume လုပ်ဖို့ပါ။ Windows Failover Clustering Features ကိုပဲအသုံးပြုပြီး Configure လုပ်ရတာပါ။ ကြိုက်တာတစ်ခုက C: Drive အောက်မှာ ClusterStorage ဆိုပြီးဆောက်လိုက်တာပါပဲ။ Drive Letter တစ်ခုအနေနဲ့ Volume တစ်ခုရှိနေမှာမဟုတ်ပါဘူး။ Share Storage တစ်ခုဖြစ်တဲ့အတွက်သူ့မှာ Sync / Async တို့မရှိပါဘူး။ ဒါနဲ့ Authentication လုပ်ဖို့အတွက် Active Directory တစ်ခုတော့လိုမယ်နော်။

*Always On availability groups: a high-availability and disaster-recovery solution
Always On AG ကို SQL Server 2012 မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ကောင်းတာတစ်ခုကဆာဗာတစ်ခုစီတိုင်းကကိုယ်ပိုင် Storage နဲ့ကိုယ်ဆီရပ်တည်ကြတာပါပဲ။ SQL Server Node A မှာ CPU, RAM, HDD (C: / D:) ပုံစံရှိတယ်ဆိုရင် SQL Server Node B မှာလည်းထိုနည်းလည်းကောင်း CPU, RAM, HDD (C: / D:) ပုံစံတစ်ထပ်တည်းရှိဖို့လိုပါတယ်။ HDD Volume Size တွေကအစပေါ့နော်။ ဥပမာ။ SQL Server Node A မှာ C: Drive Volume ကို 100GB, D: Drive Volume ကို 200GB ပေးထားမယ်ဆိုရင် အလားတူပုံစံမျိုးကို SQL Server Node B မှာလည်းလုပ်ဖို့လိုပါတယ်။ Sync / Async Configuration မျိုးလည်းရတယ်ဆိုတာ့ DC / DR Solutions မှာ SQL Always-On AG ကပိုပြီးအဆင်ပြေပါတယ်။ သူကလည်း Windows Failover Clustering Features ကိုမှီခိုပြီးထပ်မံတီထွင်ထားတဲ့ Advanced Technology လို့ပြောလို့ရတယ်။ ဒါနဲ့ Authentication လုပ်ဖို့အတွက် Active Directory တစ်ခုတော့လိုပါတယ်။ Replication ပါတဲ့အတွက် Ports တွေဖွင့်ဖို့လည်းမမေ့နဲ့ဦးနော်။ ။ Active Directory မလိုပဲလည်း Always On AG Configuration ကိုလုပ်လို့ရတယ်ပေါ့နော်။ But Not Recommended ပါ။

Reference URL: https://docs.microsoft.com/en-us/sql/database-engine/availability-groups/windows/always-on-availability-groups-sql-server?view=sql-server-ver15

SQL SERVER HIGH AVAILABILITY SOLUTIONS ကို Share ပေးလိုက်ပြီဆိုတော့ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ Consult & Service ကို အိုင်တီဈေးဗန်း မှဆောင်ရွက်ပေးနေပါပြီလို့ သတင်းကောင်းပေးအပ်လိုက်ပါတယ်။

ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင်‌‌တော့ 👇👇👇
🤙🤙🤙 – 09 75 29 75 108
📠📠📠 – info.itzayban@gmail.com
Page ကို Like & Share ပြုလုပ်ပေးပြီး သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ကြပါဦးနော်။ 👍👍👍🤝🤝🤝

ITZAYBAN