Windows Server Version Upgrade

Windows Server Version တွေများစွာထွက်လာတဲ့အခါ Lifecycle Support ကြောင့် Microsoft Support Ticket တွေဖွင့်မရတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီအတွက် Production Environment မှာရှိတဲ့ Server တွေကို Microsoft Support Ticket ရအောင် Upgrade လုပ်ရတဲ့အပိုင်းတွေမှာ System Engineer တွေအတွက်ခေါင်းစားတဲ့အပိုင်းတွေပါလာကော။ ဆိုတော့ကား System Engineer တွေအတွက် Less Service Impact ဖြစ်ဖို့ရယ်၊ Low Risk ဖြစ်ဖို့ရယ် စဉ်းစားရမယ်ဆို Upgrade ကိုနှစ်ပိုင်းခွဲစဉ်စားကြည့်ကြမယ်။

  1. Swing Migration (Less Service Impact/ Low Risk)
  2. In-Place Upgrade (so many application dependencies)

What is Swing Migration?

Virtual Machine တစ်ခုကို Latest Windows Version Install လုပ်မယ်။ လိုအပ်တဲ့ Application/ Configuration/ Settings/ Patching အားလုံး Ready လုပ်ပြီးမှ Swing ဆိုတဲ့အတိုင်းပြောင်းသုံးလိုက်ရုံပဲ။ အကယ်၍ Server အသစ်ကအလုပ်မလုပ်ဘူးဆိုရင်လည်း Old Server ကိုပြန်ရွှေ့ပြီးသုံးလို့ရတော့ Low Risk လို့ပြောလို့ရတယ်။ ချွင်းချက်အနေနဲ့ကတော့ Virualization ရှိတဲ့ Environment မှာမှပိုလွယ်မယ်။ Physical Server တစ်လုံးထပ်တောင်းဖို့ဆိုတာကတော့ ဟဲဟဲ ပါ။

In-Place Upgrade

In-Place Upgrade ကတော့ Physical Server ဆိုရင်တော့ No Choice ပါ။ Virtual Machine ဆိုရင်တော့ Original Server ကို Clone ရိုက်၊ Clone Server ပေါ်မှာ Upgrade လုပ်၊ ပြီးမှ Swing ချလိုက်ရုံပဲ။ But In-Place Upgrade က Server Version ကအရမ်းနှိမ့်နေရင် New Installation ထက်အချိန်ပိုကြာနိုင်တယ်။ Steps လည်းများတယ်။ Application Dependicies နဲ့ Failure rate များတယ်။ ဘယ် Windows Version ကနေ ဘယ်လို upgrade လုပ်လို့ရလဲဆိုတာကိုတော့အောက်ကပုံမှာကြည့်ပါ။

Credit for the Picture:

Youtube channel

Hello Guys!

IT ZAY BAN has an official youtube channel now. If you still do not subscribe to the Youtube channel, please click this link to subscribe, share and let your friends know.

One more thing, please let us support you and leave a comment below on what you want to know, and learn more about your IT career.

YouTube Channel: https://www.youtube.com/channel/UCivtYOaOb94zCKIJQMt_gfg

How to check RAM information with Command Prompt

*RAM Memory Info ကို third-party tools မသုံးပဲ Command Prompt ကနေဘယ်လိုကြည့်လို့ရသလဲဆိုတာကိုပြောပြချင်ပါတယ်။
Command Prompt နဲ့ကြည့်မယ်ဆိုရင်တော့ –

1.”Windows” button ကိုနှိပ်ပါ။

2.”Command Prompt” ကို Search လုပ်ပြီးကလစ်လိုက်ပါ။

3.”wmic memorychip get devicelocator, manufacturer, speed, capacity, partnumber” ဒီစားသားကိုရိုက်ထည့်လိုက်ပါ။

Page ကို Like & Share ပြုလုပ်ပေးပြီး သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ကြပါဦးနော်။ 👍👍👍🤝🤝🤝

ITZAYBAN

WINDOWS HIBERNATE

Hibernate ဆိုတာကတော့ windows ကို shutdown မလုပ်ပဲရောက်ရာအရပ်မှာ လုပ်လက်စတွေအားလုံးကို save ထားပြီးကွန်ပြူတာကိုပိတ်လိုက်တာပါ။ Laptop တွေမှာတော့တော်တော်ကိုအဆင်ပြေတဲ့ setting တစ်ခုလို့ပြောလို့ရတယ်။ Urgent condition တွေဖြစ်တဲ့ battery အားနည်းတဲ့အချိန်၊ တစ်နေရာရာကိုသွားဖို့ shutdown time တောင်မပေးနိုင်တဲ့အချိန်မျိုးတွေမှာဆို laptop lids ကိုပိတ်လိုက်ပြီး ထသွားရုံပဲ။ laptop lids settings မှာတော့ hibernate ရွေးထားဖို့တော့လိုပါတယ်။ Battery လည်း save ဖြစ်ပါတယ်။

Hibernate အသုံးပြုမယ်ဆိုရင်တော့ hdd/ssd storage size ကအနည်းဆုံး RAM size လောက်တော့ရှိရမယ်။ direct ratio ပါ။
e.g. Laptop RAM Size က 16GB ရှိတယ်ဆိုရင်တော့ Laptop ရဲ့ hdd/ssd မှာအနည်းဆုံး 16GB တော့ရှိရမယ်။

Hibernate ကိုအသုံးပြုဖို့က
1) Command Prompt ကို Administrator Rights နဲ့ခေါ်
2) powercfg -h on ဆိုပြီးရိုက်
3) powercfg -h /size 100 (100 ဆိုတာက RAM size အတိုင်း 100% သုံးမယ်ဆိုတာကိုပြောတာပါ) << check screenshot
4) powercfg -h /size 20 (ဒီမှာတော့ RAM Size ရဲ့ 20% ပဲသုံးပါမယ်) << check screenshot

Command Prompt
Using 100% of RAM Size on Hard Drive
Using 20% of RAM Size on Hard Drive

Laptop lids ကိုပိတ်လိုက်ရင် hibernate လုပ်ဖို့ဆိုရင်တော့
1) Control Panel > Power Options > Choose what closing the lid does (left side) > choose hibernate on both On Battery and Plugged in
2) Click “Save Changes”

Page ကို Like & Share ပြုလုပ်ပေးပြီး သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ကြပါဦးနော်။ 👍👍👍🤝🤝🤝

ITZAYBAN

Windows 10 OS Edition Comparison

ဒီနေ့ပြောပြပေးမှာကတော့ Microsoft Client OS ထဲက Windows 10 Edition ဘယ်နှစ်ခုရှိလဲဆိုတာပါ။
Windows 10 မှာ Edition အားဖြင့် 6 ခုရှိပါတယ်။
1) Windows 10 Pro Education
2) Windows 10 Education
3) Windows 10 Home
4) Windows 10 Pro
5) Windows 10 Pro for Workstation
6) Windows 10 Enterprise

*Education Edition
Windows 10 (Pro Education & Education) ကတော့ Education ဆိုတဲ့အတိုင်းပဲကျောင်းတွေအတွက်ထုတ်ထားပေးတာဖြစ်ပါတယ်။ Pro Education Edition ကတော့ Pro Edition မှာပါဝင်တဲ့ Features တွေအားလုံးပါဝင်ပြီး License ကိုတော့ OEM အနေနဲ့တာဝယ်လို့ရမှာဖြစ်ပါတယ်။ Education Edition ကတော့ Enterprise Edition မှာပါဝင်တဲ့ Features တွေအားလုံးပါဝင်ပြီး License ကို Microsoft Volume License အနေနဲ့ဝယ်လို့ရပါတယ်။
*Windows 10 Pro Education = Windows 10 Pro >> OEM License
*Windows 10 Pro = Windows 10 Enterprise >> Microsoft Volume License
Ref URL: https://support.microsoft.com/en-gb/topic/windows-10-editions-for-education-customers-bf2572aa-5555-2b1e-f7ce-81e8ba890444#:~:text=Windows%2010%20Pro%20Education%20builds,including%20the%20removal%20of%20Cortana

*Microsoft License Type
ဒီနေရာမှာတော့ License အကြောင်းနည်းနည်းရှင်းပြချင်ပါတယ်။ Microsoft မှာ License ကိုသုံးမျိုးနဲ့ရနိုင်ပါတယ်။
1) Retail = Retail လိုင်စင်ကတော့ အကူးအပြောင်းလုပ်လို့ရတယ်လို့လွယ်လွယ်မှတ်ထားလို့ရပါတယ်။ Device တစ်ခုကနေနောက်တစ်ခုကိုလိုင်စင်ရွှေ့လို့ရတယ်ပေါ့။ Online ပေါ်ကနေဝယ်ရင် email ထဲကို Product Key ပို့တာဖြစ်ဖြစ်၊ CD နဲ့ဝယ်ရင် Box ထဲမှာ Product Key ထည့်ပေးထားတာဖြစ်ဖြစ်၊ Product Key နဲ့လာတာလို့အလွယ်မှတ်ရင်လည်းရပါတယ်။
2) OEM = (Original Equipment Manufacturer) ကတော့ Laptop or Desktop ထုတ်ကတည်းကိုက License ကို Bind ပေးလိုက်တာပါ။ တစ်ခုကနေနောက် device တစ်ခုကိုရွှေ့၍မရပါ။ အားသာချက်အနေနဲ့ကတော့လိုင်စင်ဈေးသက်သာပါတယ်။
3) Volume License = Size ကြီးတဲ့ Company တွေအတွက်ကပိုအဆင်ပြေပါတယ်။ ခန့်မှန်းခြေအရေအတွက်လောက်ဝယ်ထားပြီးပိုမိုလည်းအသုံးပြုနိုင်တဲ့အားသာချက်လည်းရှိတယ်ပေါ့နော်။ ဥပမာ။ Computer အလုံး ၄၀၀ လောက်ရှိတယ်ဆိုပါစို့။ အလုံး ၃၅၀ ကတစ်ကယ်သုံးပြီးအလုံး ၅၀ ကအရံထားထားတယ်ဆိုပါတော့။ အလုံး ၃၅၀ အတွက်သာလိုင်စင်ဝယ်ပြီးကျန် ၅၀ ကိုလည်း Activate လုပ်ထားလို့ရပါတယ်။ အပျက်အစီးရှိတဲ့ကွန်ပြူတာတွေကိုလိုင်စင်ရွှေ့နေရတဲ့ဒဏ်ကလည်းသက်သာသွားပါတယ်။
Ref URL: https://www.tenforums.com/tutorials/49586-determine-if-windows-license-type-oem-retail-volume.html?fbclid=IwAR1KzHif62Wzs0Fm_AGiyzVDVVyVM-RlaXsOTURnQukmz4xzuzchrrUNNX4

*Business Edition or Commercial Use
Commercial တွေမှာအောက်က Edition လေးခုပဲသုံးပါတယ်။ Features တွေကတော့ကွာပါတယ်။ အဲတာကိုတော့အောက်က Reference Link မှာတစ်ချက်ကြည့်ကြည့်လိုက်ပါ။ လိုင်စင်ဝယ်လို့ရပုံကိုတော့ညီမျှခြင်းနဲ့ပြသွားပါမယ်။ ကျွန်တော်ကတော့ Windows 10 Pro နဲ့ကို Organization တော်တော်များများအတွက်အဆင်ပြေတယ်လို့မြင်တယ်။ ထင်မြင်ချက်ရှိလည်း comment လေးပေးသွားဦးနော်။
1) Windows 10 Home = OEM (or) Retail
2) Windows 10 Pro = OEM (or) Retail (or) Volume License
3) Windows 10 Pro for Workstation = OEM (or) Retail (or) Volume License
4) Windows 10 Enterprise = Volume License
Feature Comparison Ref URL: https://www.microsoft.com/en-us/windowsforbusiness/compare?fbclid=IwAR3HE5UFZA_YSuSla4Akxi9JsEpObjTFZsrAVXzkkichpCT3fP8ZlyfLBxY


Page ကို Like & Share ပြုလုပ်ပေးပြီး သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ကြပါဦးနော်။ 👍👍👍🤝🤝🤝

ITZAYBAN